Thursday, June 23, 2016
မြတ်ဗုဒ္ဓ ဝါဆိုရာဌာနများ
(၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယ
       ၀ိဟာရ၌ ပဌမ၀ါဆိုသည်၊
(၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ဒု,တ,စ,
       ပေါင်း၃-၀ါ၊
(၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမ၀ါ၊
(၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌
      ဆဋ္ဌမ၀ါ၊
(၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌
      သတ္တမ၀ါ၊
(၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမ၀ါ၊
(၇) ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌
      န၀မ၀ါ၊
(၈) ကောသမ္ဗီပြည် ပလလည်းတော
      အင်ကြင်းပင်အောက်၌ ဒသမ၀ါ၊
(၉) ဗြဟ္မဏဂါမ နာလိကာရုံကျောင်းတော်၌
     ဧကာဒသမာဝါ၊
(၁၀) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌
     ဒွါဒသမ၀ါ၊
(၁၁) ဇာလိယတောင်၌ ၁၃-၀ါမှာတကြိမ်, ၁၈-နှင့်
     ၁၉-၀ါမှာ တကြိမ် ပေါင်း ၃၀ါ၊
(၁၂) သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌
       ၁၄-၀ါမှာ တကြိမ်, ၂၁-၀ါမှ
       ၄၄-၀ါထိနှစ်ဆယ့်လေးကြိမ်၊ ပေါင်း ၂၅-၀ါ၊
(၁၃) ကပ္ပိလ၀တ်ပြည် နိဂြောဓာရုံကျောင်း၌
       ပန္နရသမ၀ါ၊
(၁၄) အာဠ၀ီပြည် မဟာဝုန်တော၌ သောဠသမ၀ါ၊
(၁၅) ရာဇဂြိုလ်ပြည် နလန္ဒရွာ
      သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရ-သမ၀ါ၊ (၁၆) ၎င်းရွာ ဂိဇ္ဈကုဋ်တောင်၌ ၀ီသတိမ၀ါ၊
(၁၇) ၄၅-၀ါမြောက်နောက်ဆုံး ဝေဠုဝရွာ၌
No comments:
Post a Comment